08/08/18

Wednesday, August 8, 2018

အူအတက်ရောင်ခြင်းအကြောင်း


အူအတက်ရောင်ခြင်းဆိုသည်မှာ ၃လက်မခွဲလောက်ရှိတဲ့ အူမကြီးမှ အပိုထွက်နေသော အူအတက်ကလေးမှ ရောင်လာခြင်းကို ဆိုလိုပါတယ်။ အူအတက်ကလေးဟာ လူသားတွေအတွက် ဘာအကျိုးရှိသလည်း ဆိုတာ အခုချိန်အထိ မသိရသေးပါဘူး။ ဒါပေမယ့် သူမရှိပဲနဲ့ လည်း လူသားတွေက ဆက်လက် အသက်ရှင်နိုင်ပါတယ်။ အူအတက် ရောင်ပြီ ဆိုရင်တော့ အရေးပေါ်ခွဲစိတ်ဖို့ လိုအပ်ပါတယ်။ မခွဲပဲ ထားလိုက်မယ်ဆိုရင်တော့ ရောင်နေတဲ့ အူအတက်ကလေးဟာ ပေါက်ထွက်ပြီး ၀မ်းခေါင်းထဲက အခြား အစိတ်အပိုင်းတွေကို ပိုးဝင်နိုင်ပါတယ်။ အဲဒါဟာ ၀မ်းခေါင်းကို ကာပေးထားတဲ့ အမြေးပါး (the peritoneum) ကို ရောင်ရမ်းစေပြီး Strong Antibiotic နှင့် အချိန်မီ မကုသနိုင်ခဲ့ရင် အသက်အန္တရာယ်ကိုပါ စိုးရိမ်ရပါတယ်။ ** အူအတက် ရောင်စေနိုင်တဲ့ အကြောင်းအရာတွေကတော့ ** 1. မစင်များ ပိတ်ဆို့ ခြင်း 2. ပြင်ပ အရာဝတ္တများပိတ်ဆို့ ခြင်း 3. ကင်ဆာ တို့ ကြောင့်အပြင် 4. တစ်ခါတစ်ရံ ခန္ဓာကိုယ် အခြားအစိတ်အပေါင်းများ ရောင်ရမ်းခြင်းကို တုန့် ပြန်တဲ့အနေနဲ့ လည်း ရောင်နိုင်စေပါတယ်။ ** လက္ခဏာ(Signs and Symptoms) တွေကတော့** ၁။ ချက် (navel) အနားတစ်ဝိုက် သို့ ဝမ်းဗိုက်အပေါ်ပိုင်းမှ အနည်းငယ်နာပြီး ၀မ်းဗိုက် ညာဘက် အောက်နားသို့  တိုးသွားပြီး ပိုမိုနာကျင်လာခြင်း (ပထမဆုံး လက္ခဏာ) ၂။ အစာစားချင်စိတ်မရှိခြင်း (loss of appetite) ၃။ အော့အန်ခြင်း အထူးသဖြင့် ဗိုက်စနာအပြီး (nausea , vomiting) ၄။ ၀မ်းဗိုက် ရောင်လာခြင်း (abdominal swelling) ၅။ အဖျားတက်ခြင်း (fever of 99-102 degrees Fahrenheit) ၆။ လေပုတ်မထုတ်နိုင်ခြင်း (unable to pass gas) တို့ ဖြစ်ပါတယ် အထက်ပါ လက္ခဏာတွေ ပတ်ဝန်းကျင်မှ သူငယ်ချင်းတွေဖြစ်စေ မိမိကိုယ်တိုင်ဖြစ်စေ တွေ့ ကြုံလာခဲ့ရင် နီးစပ်ရာ ဆေးရုံဆေးပေးခန်းတွေကို သွားပြစေလိုပါတယ်။ အူအတက်ရောင်တာဟာ အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ်။ အဲလို လက္ခဏာတွေဖြစ်ခဲ့ရင် အရေးအကြီးဆုံးက ဘာမှ မစား မသောက်ပါနဲ့ ၀မ်းနှုတ်ဆေးတို့  အစာအိမ်ဆေးတို့ ဟာလည်း ရောင်နေတဲ့ အူအတက်ကို ပေါက်သွားစေနိုင်ပါတယ်။ Crd #Myanmar Medinfo

သံပုယိုသီး


သံပုယိုသီးကို ရေနွေးနဲ့ကျိုပြီးသောက်တဲ့အခါ ================== ================== ရှေးဂျာမန်လူမျိုးတွေဟာ Atherosclerosis လို့ခေါ်တဲ့ သွေးကြောတွေမာခဲပိတ်ဆို့လာလို့ သွေးမလျှောက်တဲ့ရောဂါ၊ အအေးမိတာ၊ ရောဂါပိုးအလွယ်တကူကူးစက်တာ၊ ကိုလက်စထရောမြင့်မားတာတွေအတွက် ရိုးရာဆေးတစ်မျိုးအဖြစ် မှီဝဲခဲ့ကြပါတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး အသည်းကို သန့်စင်ပေးပါတယ်။ ပါဝင်ပစ္စည်း အော်ဂဲလ်နစ် သံပုယိုသီး ၄ လုံး (အခွံပါ ) ဂျင်းအမြစ် တစ်ခု (သို့) တောက်တောက်ဆင်းထားတဲ့ ဂျင်း စားပွဲတင်ဇွန်း ၂ ဇွန်း ကြက်သွန်ဖြူဥ ၄ ဥ ရေ ၂ လီတာ ပြင်ဆင်ခြင်း သံပုယိုသီးကို ရေဆေးပြီး ၅ ခြမ်းလောက်ခြမ်းလိုက်ပါ။ ကြက်သွန်ဖြူကို အခွံနွှာပါ။ သံပုယိုသီး ဂျင်းနဲ့ ကြက်သွန်ဖြူကို Blender (ဖျော်စက်) ထဲထည့်ပြီး ဖျော်စက်ကိုမွှေလိုက်ပါ။ ပြီးရင်အိုးတစ်လုံးထဲကို ရလာတဲ့ဖျော်ရည်ကိုထည့်ပါ။ ရေလောင်းထည့်ပြီး အိုးကို ရေနွေးဆူလာတဲ့ထိ မွှေပေးပါ။ ဆူလာပြီဆိုရင် မီးဖိုပေါ်ကချပြီး အအေးခံပါ။ ဇကာထဲထည့်ပြီး ဆစ်လိုက်ပါ။ ဆစ်လို့ရလာတဲ့ အရည်ကို ခွက်ထဲထည့်ပါ။ တကယ်လို့ သောက်ရတာ အရသာပြင်းနေရင် ပျားရည်ထည့်ပြီးသောက်ပေးပါ။ သောက်သုံးခြင်း မနက်စာမစားခင် အဲဒီအရည်ကို ဖန်ခွက်တစ်ခွက်သောက်ပါ။ အဲဒီလို ၃ ပတ်ဆက်တိုက်လုပ်ပေးပါ။ ပြီး၇င်တစ်ပတ်နားပါ။ နောက်ထပ် ၃ ပတ်ထပ်လုပ်ပါ။ Crd to MyHealth Myanmar

ဗဟုသုတ


၁ မြန်မာမင်းတွေထဲက မိဖုရားမပါရှိပဲ လူပျိုမင်းအဖြစ် ဘိတ်သိတ်ခံယူတဲ့မင်းက ဘယ်မင်းဖြစ်မလဲ ? ၂ မြန်မာမင်းတွေထဲက မိဖုရားအများဆုံး တော်ကောက်တော်မူသော မင်းကဘယ်မင်းဖြစ်မလဲ ? ၃ မြန်မာမင်းတွေထဲက အသက်အငယ်ဆုံး မြို့တည်နန်းတည်မင်းက ဘယ်မင်းဖြစ်မလဲ ? ၄ မြန်မာမင်းတွေထဲက နန်းသက်အရှည်ဆုံးမင်းက ဘယ်မင်းဖြစ်မလဲ ? ၅ မြန်မာမင်းတွေထဲက နန်းသက်အတိုဆုံးမင်းက ဘယ်မင်းဖြစ်မလဲ ? ၆ မြန်မာမင်းတွေထဲက နယ်ပါယ်ဧရိယာ အကျယ်အဝန်းဆုံး နိုင်ငံထူထောင်တာ ဘယ်မင်းဖြစ်မလဲ ? ၇ မြန်မာမင်းတွေထဲက ဆိုးဆိုးဝါးဝါး စိတ္တဇဝေဒနာဖြင့် ကံကုန်တဲ့မင်းက ဘယ်မင်းဖြစ်မလဲ ? ၈ မြန်မာမင်းတွေထဲက ဘယ်မင်းလက်ထက်မှာ ရာဇပလ္လင်ပေါ် မိဖုရားပါ အတူတွဲထိုင်မှု စတင်ခဲ့သလဲ ? ၉ မြန်မာမင်းတွေထဲမှာ အသက်အငယ်ဆုံး နန်းတတ်ခဲ့တဲ့မင်းက ဘယ်မင်းဖြစ်မလဲ ? ၁၀ မြန်မာမင်းတွေထဲက သားတော် သမီးတော် အများဆုံးမင်းက ဘယ်မင်းဖြစ်မလဲ ? ---------------------- စိတ်ထဲ ဖြေကြည့်လို့ မရတဲ့အခါ အောက်ပါ အဖြေများကို ဖတ်ပါ :) အဖြေ **** ၁ မိဖုရားမပါပဲ ဘိတ်သိတ်ခံတဲ့မင်းက တပင်​​ရွှေထီး တောင်ငူခေတ် ၂ မိဖုရားအများဆုံးတော်ကောက်တဲ့ မင်းက ဘိုးတော်ဗဒုံမင်း ၅၄ပါး (မှတ်ချက် - မင်းတုန်းမင်း ၅၀ပါး) ၃ အသက်အငယ်ဆုံး မြို့တည်နန်းတည်မင်းက သတိုးမင်းဖျား အင်းဝမြို့တည် အသက် ၁၉နှစ် (မှတ်ချက်-စစ်ကိုင်းမြို့တည် အသင်္ခယာစောယွန်း အသက်၂၀နှစ်) ၄ အ​လောင်းစည်​သူ (၄၇၃-၅၂၉) ၅​ ဖောင်းကားစား​မောင်​​မောင်​ ၇ရက် ၆ ဘုရင့်​​နောင်​ ၇ သာယာဝတီမင်း ၈ ဘကြီးတော်စစ်ကိုင်းမင်း (မိဖုရားခေါင်ကြီး နန်းမတော်မယ်နု) ၉ မင်းလှငယ် အသက် ၉နှစ် နန်းတတ် (မှတ်ချက် နန်းစံ၃လ) ၁၀ ဘိုးတော်ဗဒုံမင်း သားတော် ၆၂ သမီးတော် ၅၆ ပေါင်း၁၁၈ယောက် (မှတ်ချက် မင်းတုန်းမင်း သားတော် ၅၁ သမီးတော် ၆၆ ပေါင်း၁၁၇ယောက် ) ဖြစ်ပါသည်။ Credit to မှ တ် စု ကြ မ်း