Wednesday, August 8, 2018
အူအတက်ရောင်ခြင်းဆိုသည်မှာ ၃လက်မခွဲလောက်ရှိတဲ့ အူမကြီးမှ အပိုထွက်နေသော အူအတက်ကလေးမှ ရောင်လာခြင်းကို ဆိုလိုပါတယ်။
အူအတက်ကလေးဟာ လူသားတွေအတွက် ဘာအကျိုးရှိသလည်း ဆိုတာ အခုချိန်အထိ မသိရသေးပါဘူး။ ဒါပေမယ့် သူမရှိပဲနဲ့ လည်း လူသားတွေက ဆက်လက် အသက်ရှင်နိုင်ပါတယ်။
အူအတက် ရောင်ပြီ ဆိုရင်တော့ အရေးပေါ်ခွဲစိတ်ဖို့ လိုအပ်ပါတယ်။
မခွဲပဲ ထားလိုက်မယ်ဆိုရင်တော့ ရောင်နေတဲ့ အူအတက်ကလေးဟာ ပေါက်ထွက်ပြီး ၀မ်းခေါင်းထဲက အခြား အစိတ်အပိုင်းတွေကို ပိုးဝင်နိုင်ပါတယ်။ အဲဒါဟာ ၀မ်းခေါင်းကို ကာပေးထားတဲ့ အမြေးပါး (the peritoneum) ကို ရောင်ရမ်းစေပြီး Strong Antibiotic နှင့် အချိန်မီ မကုသနိုင်ခဲ့ရင် အသက်အန္တရာယ်ကိုပါ စိုးရိမ်ရပါတယ်။
** အူအတက် ရောင်စေနိုင်တဲ့ အကြောင်းအရာတွေကတော့ **
1. မစင်များ ပိတ်ဆို့ ခြင်း
2. ပြင်ပ အရာဝတ္တများပိတ်ဆို့ ခြင်း
3. ကင်ဆာ တို့ ကြောင့်အပြင်
4. တစ်ခါတစ်ရံ ခန္ဓာကိုယ် အခြားအစိတ်အပေါင်းများ ရောင်ရမ်းခြင်းကို တုန့် ပြန်တဲ့အနေနဲ့ လည်း ရောင်နိုင်စေပါတယ်။
** လက္ခဏာ(Signs and Symptoms) တွေကတော့**
၁။ ချက် (navel) အနားတစ်ဝိုက် သို့ ဝမ်းဗိုက်အပေါ်ပိုင်းမှ အနည်းငယ်နာပြီး ၀မ်းဗိုက် ညာဘက် အောက်နားသို့  တိုးသွားပြီး ပိုမိုနာကျင်လာခြင်း (ပထမဆုံး လက္ခဏာ)
၂။ အစာစားချင်စိတ်မရှိခြင်း (loss of appetite)
၃။ အော့အန်ခြင်း အထူးသဖြင့် ဗိုက်စနာအပြီး (nausea , vomiting)
၎။ ၀မ်းဗိုက် ရောင်လာခြင်း (abdominal swelling)
၅။ အဖျားတက်ခြင်း (fever of 99-102 degrees Fahrenheit)
၆။ လေပုတ်မထုတ်နိုင်ခြင်း (unable to pass gas)
တို့ ဖြစ်ပါတယ်
အထက်ပါ လက္ခဏာတွေ ပတ်ဝန်းကျင်မှ သူငယ်ချင်းတွေဖြစ်စေ မိမိကိုယ်တိုင်ဖြစ်စေ တွေ့ ကြုံလာခဲ့ရင် နီးစပ်ရာ ဆေးရုံဆေးပေးခန်းတွေကို သွားပြစေလိုပါတယ်။ အူအတက်ရောင်တာဟာ အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ်။
အဲလို လက္ခဏာတွေဖြစ်ခဲ့ရင် အရေးအကြီးဆုံးက ဘာမှ မစား မသောက်ပါနဲ့ ၀မ်းနှုတ်ဆေးတို့  အစာအိမ်ဆေးတို့ ဟာလည်း ရောင်နေတဲ့ အူအတက်ကို ပေါက်သွားစေနိုင်ပါတယ်။
Crd #Myanmar Medinfo
သံပုယိုသီး
3:38 AM infotodaynews
သံပုယိုသီးကို ရေနွေးနဲ့ကျိုပြီးသောက်တဲ့အခါ
==================
==================
ရှေးဂျာမန်လူမျိုးတွေဟာ Atherosclerosis လို့ခေါ်တဲ့ သွေးကြောတွေမာခဲပိတ်ဆို့လာလို့ သွေးမလျှောက်တဲ့ရောဂါ၊ အအေးမိတာ၊ ရောဂါပိုးအလွယ်တကူကူးစက်တာ၊ ကိုလက်စထရောမြင့်မားတာတွေအတွက် ရိုးရာဆေးတစ်မျိုးအဖြစ် မှီဝဲခဲ့ကြပါတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး အသည်းကို သန့်စင်ပေးပါတယ်။
ပါဝင်ပစ္စည်း
အော်ဂဲလ်နစ် သံပုယိုသီး ၄ လုံး (အခွံပါ )
ဂျင်းအမြစ် တစ်ခု (သို့) တောက်တောက်ဆင်းထားတဲ့ ဂျင်း စားပွဲတင်ဇွန်း ၂ ဇွန်း
ကြက်သွန်ဖြူဥ ၄ ဥ
ရေ ၂ လီတာ
ပြင်ဆင်ခြင်း
သံပုယိုသီးကို ရေဆေးပြီး ၅ ခြမ်းလောက်ခြမ်းလိုက်ပါ။
ကြက်သွန်ဖြူကို အခွံနွှာပါ။
သံပုယိုသီး ဂျင်းနဲ့ ကြက်သွန်ဖြူကို Blender (ဖျော်စက်) ထဲထည့်ပြီး ဖျော်စက်ကိုမွှေလိုက်ပါ။
ပြီးရင်အိုးတစ်လုံးထဲကို ရလာတဲ့ဖျော်ရည်ကိုထည့်ပါ။
ရေလောင်းထည့်ပြီး အိုးကို ရေနွေးဆူလာတဲ့ထိ မွှေပေးပါ။
ဆူလာပြီဆိုရင် မီးဖိုပေါ်ကချပြီး အအေးခံပါ။
ဇကာထဲထည့်ပြီး ဆစ်လိုက်ပါ။ ဆစ်လို့ရလာတဲ့ အရည်ကို ခွက်ထဲထည့်ပါ။ တကယ်လို့ သောက်ရတာ အရသာပြင်းနေရင် ပျားရည်ထည့်ပြီးသောက်ပေးပါ။
သောက်သုံးခြင်း
မနက်စာမစားခင် အဲဒီအရည်ကို ဖန်ခွက်တစ်ခွက်သောက်ပါ။ အဲဒီလို ၃ ပတ်ဆက်တိုက်လုပ်ပေးပါ။ ပြီး၇င်တစ်ပတ်နားပါ။ နောက်ထပ် ၃ ပတ်ထပ်လုပ်ပါ။
Crd to MyHealth Myanmar
ဗဟုသုတ
3:29 AM infotodaynews
၁ မြန်မာမင်းတွေထဲက မိဖုရားမပါရှိပဲ လူပျိုမင်းအဖြစ်
ဘိတ်သိတ်ခံယူတဲ့မင်းက ဘယ်မင်းဖြစ်မလဲ ?
၂ မြန်မာမင်းတွေထဲက မိဖုရားအများဆုံး
တော်ကောက်တော်မူသော မင်းကဘယ်မင်းဖြစ်မလဲ ?
၃ မြန်မာမင်းတွေထဲက အသက်အငယ်ဆုံး
မြို့တည်နန်းတည်မင်းက ဘယ်မင်းဖြစ်မလဲ ?
၎ မြန်မာမင်းတွေထဲက နန်းသက်အရှည်ဆုံးမင်းက
ဘယ်မင်းဖြစ်မလဲ ?
၅ မြန်မာမင်းတွေထဲက နန်းသက်အတိုဆုံးမင်းက
ဘယ်မင်းဖြစ်မလဲ ?
၆ မြန်မာမင်းတွေထဲက နယ်ပါယ်ဧရိယာ
အကျယ်အဝန်းဆုံး နိုင်ငံထူထောင်တာ
ဘယ်မင်းဖြစ်မလဲ ?
၇ မြန်မာမင်းတွေထဲက ဆိုးဆိုးဝါးဝါး
စိတ္တဇဝေဒနာဖြင့် ကံကုန်တဲ့မင်းက
ဘယ်မင်းဖြစ်မလဲ ?
၈ မြန်မာမင်းတွေထဲက ဘယ်မင်းလက်ထက်မှာ
ရာဇပလ္လင်ပေါ် မိဖုရားပါ အတူတွဲထိုင်မှု
စတင်ခဲ့သလဲ ?
၉ မြန်မာမင်းတွေထဲမှာ အသက်အငယ်ဆုံး
နန်းတတ်ခဲ့တဲ့မင်းက ဘယ်မင်းဖြစ်မလဲ ?
၁၀ မြန်မာမင်းတွေထဲက သားတော် သမီးတော်
အများဆုံးမင်းက ဘယ်မင်းဖြစ်မလဲ ?
----------------------
စိတ်ထဲ ဖြေကြည့်လို့ မရတဲ့အခါ
အောက်ပါ အဖြေများကို ဖတ်ပါ :)
အဖြေ
****
၁ မိဖုရားမပါပဲ ဘိတ်သိတ်ခံတဲ့မင်းက
တပင်ရွှေထီး တောင်ငူခေတ်
၂ မိဖုရားအများဆုံးတော်ကောက်တဲ့ မင်းက
ဘိုးတော်ဗဒုံမင်း ၅၄ပါး
(မှတ်ချက် - မင်းတုန်းမင်း ၅၀ပါး)
၃ အသက်အငယ်ဆုံး မြို့တည်နန်းတည်မင်းက
သတိုးမင်းဖျား အင်းဝမြို့တည် အသက် ၁၉နှစ်
(မှတ်ချက်-စစ်ကိုင်းမြို့တည် အသင်္ခယာစောယွန်း
အသက်၂၀နှစ်)
၎ အလောင်းစည်သူ (၄၇၃-၅၂၉)
၅ ဖောင်းကားစားမောင်မောင် ၇ရက်
၆ ဘုရင့်နောင်
၇ သာယာဝတီမင်း
၈ ဘကြီးတော်စစ်ကိုင်းမင်း
(မိဖုရားခေါင်ကြီး နန်းမတော်မယ်နု)
၉ မင်းလှငယ် အသက် ၉နှစ် နန်းတတ်
(မှတ်ချက် နန်းစံ၃လ)
၁၀ ဘိုးတော်ဗဒုံမင်း သားတော် ၆၂
သမီးတော် ၅၆ ပေါင်း၁၁၈ယောက်
(မှတ်ချက် မင်းတုန်းမင်း သားတော် ၅၁
သမီးတော် ၆၆ ပေါင်း၁၁၇ယောက် )
ဖြစ်ပါသည်။
Credit to မှ တ် စု ကြ မ်း
Tuesday, August 7, 2018
6:56 PM infotodaynews
#ငွေပန်း
ငွေပန်းဥရဲ့ဆေးအစွမ်းနဲ့( ၉ )နှစ်တာကာလခါးနာ ရောဂါခံစားနေရသူ-ချင်းမနှင့်-ကျွနှ်ပ်၏အတွေ့အကြုံလွန်ခဲ့တဲ့နှစ် ၂၃ နှစ်လောက်ပေါ့ ကျွန်တော်ကဦးဇင်းဘဝပေါ့ဗျာဖြစ်စဉ်ကဒီလိုဗျဘုရားရွှေစက်တော်အနောက်ဖက် ဟိုးးးးအနောက်ဖက်ငဖဲမြို့ဆိုတာရှိပါတယ် ။
ငဖဲမြို့ရဲ့မြောက်ဖက်မှာပါရမီတောင်ဆိုတာရှိပါတယ်အဲ့တောင်မှာနေထိုင်ဖို့ငဖဲမဝတကကျွန်တော်ကိုပင့်တယ်ဗျအဲ့ဒါနဲ့ကျွန်တော်လဲအဲ့တောင်မှာနေဖြစ်သွားပါတယ်။အဲ့တောင်မှာနေရင်းမကျန်းမာသူတွေ လူနာတွေကို ၅နှစ်တိတိဆေးကု့ပြီးကယ်ခဲ့ပါတယ်ဒါနဲ့ပဲဗျာတနေ့ကျတော့ငဖဲမြို့ရဲ့မြောက်ဖက်မှာပေကုန်းရွာဆိုတာရှိတယ်ဗျ အဲ့ပေကုန်းရွာက ချင်းမက တနေ့ရောက်လာပါရောဗျာ နွားလှည်းကြီးနဲ့ပေါ့ဗျာ ဒါနဲ့ပဲတောင်ပေါ်ကိုရောက်တော့ လူနာကလဲများနေတယ် ။
တနေ့ကိုလူပေါင်း၆၀ လောက်အနည်းဆုံးကု့ပေးနေရတယ်ဗျ သူလဲတုန်ကင်ယူပြီးစောင့်ပေါ့ဟောသူအလှည့်လဲရောက်လာရောလာပါလေရောဗျာ ခါးကြီးကကုန်းလို့တောင်ဝှေးကြီးနဲ့ဗျ အဲ့တာနဲ့ကဲဒကာမကြီး ဘာဖြစ်တာလဲဆိုတော့အရှင်ဘုရားတဲ့တပည့်တော်မခါးကနာနေလို့ကု့မလို့ပါဘုရားတဲ့ အော် ဘယ်လောက်ကြာပြီလဲဒကာမကြီးဆိုတော့၉ နှစ်ရှိပါပြီဘုရားတဲ့သူကဘာပြောသေးတယ်မှတ်လဲတပည့်တော်မရဲ့ခါးကဘယ်ပျောက်မလဲဘုရားတဲ့ဘာလို့မပျောက်တာလဲဒကာမကြီးဆိုတော့ တပည့်တော်မကိုလူပြု့စားထားတာပါဘုရားတဲ့ဗုဒ္ဓေါဒကာမကြီးကဘယ်လိုသိလဲဆိုတော့အမလေးဘုရားတဲ့ဘယ်မှာဗေဒင်ပဲတွက်တွက်အဲ့တာပဲပေါ်ပါတယ်ဘုရား ဟူးးးးး။
ခက်ရောပေါ့ ဒါနဲ့ပဲကျုပ်ကလဲဘယ်ရမလဲ ကဲတာဆိုလာခြေဆင်းစမ်းဆိုပြီး ပယောဂစစ်တာပေါ့ဗျာ ပယောဂကတော့မသိဘူး ကျုပ်ကတော့ ဖတ်ဖတ်ကိုမောရော ဘာပယောဂမှမတွေ့ရ ကဲတာနဲ့ပဲကျုပ်က ဒကာမကြီး ခင်ဗျာမှာဘာကောင် မှနှောက်ယှက်ထားတာမရှိဘူးဆိုတော့ ဘာပြောတယ်မှတ်လဲချင်းမကအောင်မလေးအရှင်ဘုရားကျကာမှပဲပြု့စားထားတာမရှိဘူးပြောတယ် ကြိုက်တဲ့ဆရာကိုမေး ပြု့စားတယ်ပဲပြောတယ် အသလွတ်ကြီးရန်တွေ့ပါရော့လားကျုပ်ကို ။
ဒါနဲ့ပဲ ကျုပ်က ကဲကဲဒကာမကြီးရောဂါသက်သာရင်ပြီး ရောမဟုတ်ဖူးလားဆိုတော့မှ အင်းးးးးတဲ့ခက်တော့အခက်သားကိုဗျ တာနဲ့ပဲကျုပ်ကလဲ မကွေးဆေးရုံကလဲပြန်လာပါပြီဘုရား ဆရာတွေလဲစုံနေပါပြီဘုရားတဲ့ငဖဲမြို့ထဲကဗမာဆရာဦးအောင်ဖေနဲ့လဲကု့ပြီးပြီ နောက်ဆုံးတော့အနှိုပ်သယ်ကိုတည ၅၀၀ ပေးပြီးနှိပ်မှ ညအိပ်နိုင်တယ်ဘုရားအဲ့လိုမနှိပ်တဲ့ညကတော့ တပည့်တော်ဟာ ငရဲခံရတာထက်ဆိုးပါတယ်ဘုရား ကောင်းအောင်တော့ကု့ပေးပါတဲ့ ။
ဒါနဲ့ပဲဗျာ ကျုပ်မှာရှိတဲ့ငွေပန်းဥအမုန့်လေး နည်းနည်းပေးပြီး ကဲဒကာမကြီး ခု့ည ဒီအမှုန့်နဲ့ကြက်သွန်ဖြူလေးနဲ့ ဟင်းခါးကျိုသောက်ဗျာခုညအနှိပ်လွတ်တယ်မလွတ်ဖူးမနက်ဖြန်အကြောင်းပြန်ဗျာ ဆိုပြီးပြန်ခိုင်းလိုက်တယ်ဗျာ ။
ဒါနဲ့ပဲဆေး ခန်းပိတ်လို့မိုးချုပ်ပြီး အိပ်ယာဝင်တော့ မအိပ်နိုင်ဘူးဗျ ဘာလို့ဆိုသူရောဂါကိုစဉ်းစားနေတာဗျ ။ကျုပ်ကလဲ အဲ့တုန်းကအသက်က ၂၀ ပဲရှိသေးတာဗျ ဘာကြောင့်ဒီလိုဖြစ်တာလဲ ဆရာတွေလဲစုံနေပြီမပျောက် စဉ်းစားတာအဖြေကမထွက် မနက် ၄ နာရီအုန်းမောင်းတီးလောက်မှသွားသတိကရတယ်ဗျ ။အော် ငါ့အဘကပြောဘူးတာပဲ တခြားဟုတ်ဖူး လေမျိုး ၈၀ ထဲက အရိုးနဲ့ခြင်ဆီသွေးကြောကိုသွားတဲ့လေ အဲ့လေနာမည်က အင်္ဂမင်္ဂလေတဲ့ဗျ အဲ့လေကနည်းနေတော့ အရိုးနဲ့ခါးအာရုံကြောတွေကို မရောက်ဖြစ်နေတာ အဲ့တော့ခါးက လေမရဘူးလေမရတော့ နာပြီပေါ့။
၉ နှစ်ခံစမ်းပဲဗျာ ဆီးစစ်လိုက်တော့လဲ ဆီးက ဖြူ တယ် အကြိမ်ကနည်းတယ် ဆီးကများတယ် အဲ့တော့ရှင်းနေတာပဲဗျာ ဆီးဖြူ တာကသီတဆိုတဲ့အအေးများနေတာဗျဆီးအကြိမ်နည်းတာကနောက်က လေအားကမရှိလို့ပဲဆီးတခါသွားရင်များနေတာကအာပေါဓါတ်လွန်လို့ပဲဗျ ။ကဲစကားကောင်းနေလိုက်တာ ဒါနဲ့ပဲဗျာမိုးလင်းတော့ ရောက်လာပါရော။ ကဲဒကာမကြီး ညကအနှိပ်လွတ်လားဗျဆိုတော့ ညကအနှိပ်လွတ်ပါတယ် ဘုရားတဲ့ ။ဟာကျုပ်ကလဲအပိုင်ဆိုပြီး ကြိမ်းသေပြီကွာအင်္ဂမင်္ဂလေအားနည်းနေတာဆိုပြီးကဲဒကာမကြီးခင်ဗျာရောဂါပျောက်ပြီဗျာဆိုတော့ သူကအရှင်ဘုရားတဲ့ တပည့်တော်မ ပျောက်ရင် ဘာလှူရမလဲ ဘုရားတဲ့ ။
အင်းကျုပ်ကဦးဇင်းဆိုတော့ ဘာလိုမှာလဲဗျာ ဒီပါရမီတောင်ကိုဖေါက်ပြီး ဂူတည်ပြီးအထဲမှာလျှောင်းတော်မှူ ဘုရားတည်ချင်တယ်ဆိုတော့ စိတ်ချဘုရားတဲ့ဒါနဲ့ပဲဒီငွေပန်းဥဆေးကိုသောက်လာတာတပါတ်ပြည့်တော့ ခါးဆန့်သွားပြီဗျာ။တခါဆက်သောက်တာ ၉ ရက်မြောက်တော့ ယာထဲဆင်းအလုပ်လုပ်နေပြီတဲ့ဗုဒ္ဓေါကိုယ်တောင်လန့်သွားတယ်အဲ့တာနဲ့ပဲ အဲ့နားက သရက်ပင်ရွာ အိုးမြေတွင်းရွာ ချင်းစုရွာ ဒကာမကြီးနဲ့ တောင်ကိုဖေါက်ပြီး လျှောင်တော်မှူ ဘုရားတည်ခဲ့ပါတယ် ။
ဒီငွေပန်းဥဟာအရိုးနဲ့ခြင်ဆီကိုအားဖြစ်စေတယ်အကိုက်ကိုပျောက်စေတယ် နို့ကိုထွက် စေတယ် ၊သွေးအားကိုဖြစ်စေတယ် ၊ခါးဒူး အရွတ်တွေကိုအားဖြစ်စေတယ် ၊ကျီးပေါင်းကိုသက်သာစေတယ် ၊ငွေပန်းဥကို ကြက်သွန်ဖြူ နဲ့ ဟင်းခါးကျိုသောက် ငပိရေနဲ့ တို့စား မြုတ်စား အစာလဲကျေပါ့။အရသာက နည်းနည်းပူ ချို ဆိမ့် ၊နည်းနည်းစပ် အားလုံးပဲဗဟုသုတရကြပါစေ။ ။
Credit:သံသရာ ခရီးသွား

Subscribe to:
Posts
(
Atom
)