ဗဟုသုတ

Wednesday, August 8, 2018

ဗဟုသုတ


၁ မြန်မာမင်းတွေထဲက မိဖုရားမပါရှိပဲ လူပျိုမင်းအဖြစ် ဘိတ်သိတ်ခံယူတဲ့မင်းက ဘယ်မင်းဖြစ်မလဲ ? ၂ မြန်မာမင်းတွေထဲက မိဖုရားအများဆုံး တော်ကောက်တော်မူသော မင်းကဘယ်မင်းဖြစ်မလဲ ? ၃ မြန်မာမင်းတွေထဲက အသက်အငယ်ဆုံး မြို့တည်နန်းတည်မင်းက ဘယ်မင်းဖြစ်မလဲ ? ၄ မြန်မာမင်းတွေထဲက နန်းသက်အရှည်ဆုံးမင်းက ဘယ်မင်းဖြစ်မလဲ ? ၅ မြန်မာမင်းတွေထဲက နန်းသက်အတိုဆုံးမင်းက ဘယ်မင်းဖြစ်မလဲ ? ၆ မြန်မာမင်းတွေထဲက နယ်ပါယ်ဧရိယာ အကျယ်အဝန်းဆုံး နိုင်ငံထူထောင်တာ ဘယ်မင်းဖြစ်မလဲ ? ၇ မြန်မာမင်းတွေထဲက ဆိုးဆိုးဝါးဝါး စိတ္တဇဝေဒနာဖြင့် ကံကုန်တဲ့မင်းက ဘယ်မင်းဖြစ်မလဲ ? ၈ မြန်မာမင်းတွေထဲက ဘယ်မင်းလက်ထက်မှာ ရာဇပလ္လင်ပေါ် မိဖုရားပါ အတူတွဲထိုင်မှု စတင်ခဲ့သလဲ ? ၉ မြန်မာမင်းတွေထဲမှာ အသက်အငယ်ဆုံး နန်းတတ်ခဲ့တဲ့မင်းက ဘယ်မင်းဖြစ်မလဲ ? ၁၀ မြန်မာမင်းတွေထဲက သားတော် သမီးတော် အများဆုံးမင်းက ဘယ်မင်းဖြစ်မလဲ ? ---------------------- စိတ်ထဲ ဖြေကြည့်လို့ မရတဲ့အခါ အောက်ပါ အဖြေများကို ဖတ်ပါ :) အဖြေ **** ၁ မိဖုရားမပါပဲ ဘိတ်သိတ်ခံတဲ့မင်းက တပင်​​ရွှေထီး တောင်ငူခေတ် ၂ မိဖုရားအများဆုံးတော်ကောက်တဲ့ မင်းက ဘိုးတော်ဗဒုံမင်း ၅၄ပါး (မှတ်ချက် - မင်းတုန်းမင်း ၅၀ပါး) ၃ အသက်အငယ်ဆုံး မြို့တည်နန်းတည်မင်းက သတိုးမင်းဖျား အင်းဝမြို့တည် အသက် ၁၉နှစ် (မှတ်ချက်-စစ်ကိုင်းမြို့တည် အသင်္ခယာစောယွန်း အသက်၂၀နှစ်) ၄ အ​လောင်းစည်​သူ (၄၇၃-၅၂၉) ၅​ ဖောင်းကားစား​မောင်​​မောင်​ ၇ရက် ၆ ဘုရင့်​​နောင်​ ၇ သာယာဝတီမင်း ၈ ဘကြီးတော်စစ်ကိုင်းမင်း (မိဖုရားခေါင်ကြီး နန်းမတော်မယ်နု) ၉ မင်းလှငယ် အသက် ၉နှစ် နန်းတတ် (မှတ်ချက် နန်းစံ၃လ) ၁၀ ဘိုးတော်ဗဒုံမင်း သားတော် ၆၂ သမီးတော် ၅၆ ပေါင်း၁၁၈ယောက် (မှတ်ချက် မင်းတုန်းမင်း သားတော် ၅၁ သမီးတော် ၆၆ ပေါင်း၁၁၇ယောက် ) ဖြစ်ပါသည်။ Credit to မှ တ် စု ကြ မ်း

0 comments :

Post a Comment