အူအတက်ရောင်ခြင်းအကြောင်း

Wednesday, August 8, 2018

အူအတက်ရောင်ခြင်းအကြောင်း


အူအတက်ရောင်ခြင်းဆိုသည်မှာ ၃လက်မခွဲလောက်ရှိတဲ့ အူမကြီးမှ အပိုထွက်နေသော အူအတက်ကလေးမှ ရောင်လာခြင်းကို ဆိုလိုပါတယ်။ အူအတက်ကလေးဟာ လူသားတွေအတွက် ဘာအကျိုးရှိသလည်း ဆိုတာ အခုချိန်အထိ မသိရသေးပါဘူး။ ဒါပေမယ့် သူမရှိပဲနဲ့ လည်း လူသားတွေက ဆက်လက် အသက်ရှင်နိုင်ပါတယ်။ အူအတက် ရောင်ပြီ ဆိုရင်တော့ အရေးပေါ်ခွဲစိတ်ဖို့ လိုအပ်ပါတယ်။ မခွဲပဲ ထားလိုက်မယ်ဆိုရင်တော့ ရောင်နေတဲ့ အူအတက်ကလေးဟာ ပေါက်ထွက်ပြီး ၀မ်းခေါင်းထဲက အခြား အစိတ်အပိုင်းတွေကို ပိုးဝင်နိုင်ပါတယ်။ အဲဒါဟာ ၀မ်းခေါင်းကို ကာပေးထားတဲ့ အမြေးပါး (the peritoneum) ကို ရောင်ရမ်းစေပြီး Strong Antibiotic နှင့် အချိန်မီ မကုသနိုင်ခဲ့ရင် အသက်အန္တရာယ်ကိုပါ စိုးရိမ်ရပါတယ်။ ** အူအတက် ရောင်စေနိုင်တဲ့ အကြောင်းအရာတွေကတော့ ** 1. မစင်များ ပိတ်ဆို့ ခြင်း 2. ပြင်ပ အရာဝတ္တများပိတ်ဆို့ ခြင်း 3. ကင်ဆာ တို့ ကြောင့်အပြင် 4. တစ်ခါတစ်ရံ ခန္ဓာကိုယ် အခြားအစိတ်အပေါင်းများ ရောင်ရမ်းခြင်းကို တုန့် ပြန်တဲ့အနေနဲ့ လည်း ရောင်နိုင်စေပါတယ်။ ** လက္ခဏာ(Signs and Symptoms) တွေကတော့** ၁။ ချက် (navel) အနားတစ်ဝိုက် သို့ ဝမ်းဗိုက်အပေါ်ပိုင်းမှ အနည်းငယ်နာပြီး ၀မ်းဗိုက် ညာဘက် အောက်နားသို့  တိုးသွားပြီး ပိုမိုနာကျင်လာခြင်း (ပထမဆုံး လက္ခဏာ) ၂။ အစာစားချင်စိတ်မရှိခြင်း (loss of appetite) ၃။ အော့အန်ခြင်း အထူးသဖြင့် ဗိုက်စနာအပြီး (nausea , vomiting) ၄။ ၀မ်းဗိုက် ရောင်လာခြင်း (abdominal swelling) ၅။ အဖျားတက်ခြင်း (fever of 99-102 degrees Fahrenheit) ၆။ လေပုတ်မထုတ်နိုင်ခြင်း (unable to pass gas) တို့ ဖြစ်ပါတယ် အထက်ပါ လက္ခဏာတွေ ပတ်ဝန်းကျင်မှ သူငယ်ချင်းတွေဖြစ်စေ မိမိကိုယ်တိုင်ဖြစ်စေ တွေ့ ကြုံလာခဲ့ရင် နီးစပ်ရာ ဆေးရုံဆေးပေးခန်းတွေကို သွားပြစေလိုပါတယ်။ အူအတက်ရောင်တာဟာ အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ်။ အဲလို လက္ခဏာတွေဖြစ်ခဲ့ရင် အရေးအကြီးဆုံးက ဘာမှ မစား မသောက်ပါနဲ့ ၀မ်းနှုတ်ဆေးတို့  အစာအိမ်ဆေးတို့ ဟာလည်း ရောင်နေတဲ့ အူအတက်ကို ပေါက်သွားစေနိုင်ပါတယ်။ Crd #Myanmar Medinfo

0 comments :

Post a Comment